အားလုံးပဲ နှစ်သစ်မှာ ပျော် ရွှင်ပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ်ကုန်လို့ ၂၀၁၂ ခုနှစ်ကိုရောက်ခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်ထဲမှာတော့ HTML5, Node.JS, NoSQL စတဲ့နည်းပညာတွေကို Developer တွေ အထူးစိတ်ဝင်စားခဲ့ကြပါတယ်။ ဒီနည်းပညာတွေမသုံးရင် ခေတ်မမှီတော့သလို မှတ်ယူအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီထဲက NoSQL ဆိုတာဟာ Database စနစ်တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အများအားဖြင့် အသုံးပြုတာက SQL ကို Query Language အနေနဲ့ အသုံးပြုရတဲ့ Relational Database Management System တွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Web Application တွေရဲ့ Real-Time Data လိုအပ်မှု၊ Data Update လုပ်ဖို့သိပ်မလိုတော့ပဲ Read လုပ်ခြင်းကသာ အဓိကလိုအပ်ချက်ဖြစ်လာမှု့၊ ပုံသေသတ်မှတ်ထားရတဲ့ Fixed