FairWay

web development
To Smarter, Greener World

The Internet Operating System

Operating System ဆိုတာ ကွန်ပျူတာရဲ့ Resources တွေကို စီမံပေးတဲ့ စနစ်တစ်မျိုးဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ Operating System က ကွန်ပျူတာရဲ့ CPU, Memory, Disk Storage, Keyboard, Screen စတဲ့အရာတွေကို စီမံပေးခြင်း၊ Device Driver တွေကို စီမံပေးခြင်း စသဖြင့် ဆောင်ရွက်ပေးပါတယ်။ Process တွေကို Schedule လုပ်ပေးခြင်း၊ Memory Allocation တွေ စီမံပေးခြင်း၊ Disk Error တွေကို ကိုင် တွယ်ဖြေရှင်းပေးခြင်း၊ Exception တွေ Thread တွေ စီမံပေးခြင်းအားဖြင့် Application အများကြီးကို Hardware စနစ်တစ်ခုထဲမှာ အသုံးချနိုင်အောင် စီမံပေးတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီ

The 5 Hardest Parts of Programming

Software Development ဟာ ခက်ခဲတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ အဓိက ပြဿနာကတော့ Software Project တစ်ခုဟာ ကြည့်ယုံနဲ့ မြင်သာတဲ့ Physical Project မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာ – တံတားတစ်စင်း တည်ဆောက်တယ်ဆိုပါစို့။ တည်ဆောက်နေဆဲကာလမှာ ဘယ်လောက်တော့ ရောက်နေပြီ၊ ဘာတွေတော့ ပြီးနေပြီ၊ ဘာတွေမှန်ကန်ပြီး၊ ဘာတွေမှားနေလဲ ဆိုတာကို မြင်သာပါတယ်။ Software Project တွေမှာတော့ ဘယ်လောက်ရောက်နေပြီလဲ၊ မှန်ရဲ့လားဆိုတာကို ရေးထားတဲ့ Code ကိုကြည့်ပြီး ပြောဖို့ခက်ပါတယ်။ မူလအစီအစဉ်ဆွဲတုန်းက အားလုံးအဆင်ပြေသလိုလိုနဲ့ Project ကို တစ်ကယ်မြင်သာတဲ့ အဆင့်ကိုရောက်တော့မှ ရုတ်တရက် ဒါတော့ မမှန်ဘူးလို့ Programmer မဟုတ်တဲ့ Manager, Customer တွေက သိကြရတာပါ။ အခုနောက်ပိုင်းမှာ Agile

When Am I Ready?

မနေ့က.. မေးခွန်းလေးတစ်ချို့ကို ဖြေပေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမေးခွန်းတွေကတော့.. Programming Language တစ်ခုကို ကျွမ်းကျင်ပြီလို့ ပြောနိုင်ဖို့အတွက် အဲ့ဒီ Language ရဲ့ ဘယ်လောက်ရာခိုင်နှုန်းထိ သိရှိမှတ်မိနေဖို့ လိုအပ်ပါသလဲ? Web Developer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကို ဘယ်လောက် ပမာဏထိ တက်သိထားဖို့ လိုအပ်ပါသလဲ? စတဲ့.. မေးခွန်းလေးတွေဖြစ်ပါတယ်။ အရင်ကလည်း ဒီကိစ္စအကြောင်းကို မကြာမကြာပြောခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဒီအဆင့်တစ်ခုကို ဖြတ်သန်းခဲ့ဖူးတဲ့အတွက် လေ့လာဆဲ Programmer တွေကို ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် ကျွန်တော် သိရှိနားလည်ထားသလို ထပ်ပြောပေးပါဦးမယ်။ မေးခွန်းကို တိုက်ရိုက်မဖြေခင်၊ ကနေ့ခေတ်မှာ Professional Web Developer တစ်ယောက်အဖြစ် ရပ်တည်လုပ်ကိုင်နေသူတွေ သိထားလေ့ရှိတဲ့ နည်းပညာတွေကို ခေါင်းထဲပေါ်လာသလောက် ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့ – Web

Tharlon OS – Behind the Scene

သာလွန် OS လို့ခေါ်တဲ့ မြန်မာလိုအသုံးပြုနိုင်မယ့် OS တစ်ခု ထွက်တော့မယ်ဆိုတဲ့ သတင်းတွေကို တစ်ချို့လည်း ကြားသိထားပြီးဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်လည်းပဲ သာလွန် OS ဖြစ်လာဖို့ဝိုင်းဝန်း ကူညီကြသူများထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဒီ OS ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်တွေအကြောင်းကို ကျွန်တော်သိထားသလောက် ဖော်ပြပေးချင်ပါတယ်။ Planning ဒီ OS ဖြစ်ပေါ်လာဖို့ စတင်ကြံဆောင်ခဲ့သူကတော့ ကိုငွေထွန်းဖြစ်ပါတယ်။ ကိုငွေထွန်းအနေနဲ့ ဒီလိုမျိုး မြန်မာလိုအသုံးပြုနိုင်တဲ့ OS တစ်ခု ကြိုးစားဖန်တီးမယ်ဆိုတဲ့စိတ်ကူး အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာလို့ သိရပါတယ်။ ကျွန်တော်နဲ့ ဒီ Project အကြောင်းကို စပြောဖြစ်ခဲ့တာကတော့ ဒီနှစ်ဆန်းပိုင်း (၂၀၁၁ ဇန်နဝါရီ) မှာ ဖြစ်ပါတယ်။ ဒီ Project ဟာ ငွေကြေးအကျိုးအမြတ်တစ်ခုအတွက် မဟုတ်ပဲ အများအသုံးပြုနိုင်အောင် အခမဲ့ပေးမယ့်

IP and Copyright Laws in Myanmar

Myanmar Bloggers’ Society ရဲ့ (၅) နှစ်ပြည့် နှစ်ပတ်လည်ပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့မှာ နည်းပညာဟောပြောပွဲတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမတိုင်ခင် (၂) ပတ်လောက်ကတည်းက ကိုမင်းယွန်းသစ် က ကျွန်တော့်ကို Topic တစ်ခုလောက် ဝင်ပြောပေးဖို့ ပြောထားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ နည်းပညာဆန်လွန်းတဲ့   ကြောင်းအရာတွေမပြောဘဲ IT သမားအားလုံးနဲ့ ဆက်စပ်နိုင်တဲ့ Topic တစ်ခု ပြောမယ်လို့ စဉ်းစားခဲ့ပါတယ်။ ကိုမင်းယွန်းသစ် ကျွန်တော့်ကိုပြောတဲ့အချိန်က၊ ကျွန်တော်လက်ရှိတတ်နေတဲ့ တတိယနှစ်ဥပဒေ အတွက် Assignment တွေ ရေးနေတဲ့အချိန်ဖြစ်ပါတယ်။ Business Law အတွက် ရေးရမယ့်ခေါင်းစဉ်က Trademark နဲ့ ပတ်သက်နေပါတယ်။ အဲ့ဒီ Assignment အတွက် Textbook ထဲကစာတွေဖက်ရင်းနဲ့ IP နဲ့

Good Developer

Developer Conference ရဲ့ နောက်ဆုံးပိတ် Discussion မှာ ဆွေးနွေးသွားတဲ့ မေးခွန်းတွေက စိတ်ဝင်စားဖို့ကောင်းသလို ဖြေရှင်းရခက်တဲ့မေးခွန်းတွေလည်း ဖြစ်ပါတယ်။ Discussion အစအဆုံး မမှီလိုက်ပေမယ့် မှီသလောက်မေးခွန်းတွေထဲက အချို့ကတော့ – Developer ကောင်းတစ်ယောက်ကို ဘာနဲ့တိုင်းတာမှာလဲ Developer ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ Developer ကောင်းတွေကို လုပ်ငန်း တွေအနေနဲ့ ဘယ်လိုထိမ်းသိမ်းသင့်သလဲ Developer တွေကရော အလုပ်ရှင်ကောင်းတွေကို ဘယ်လိုရွေးချယ်ရမလဲ လုပ်ငန်းတွေအပေါ်မှာပဲ သစ္စာရှိရှိရေရှည် လုပ်တဲ့ Developer တွေကို လုပ်ငန်းတွေဘက်က ဘယ်လိုအာမခံချက်တွေပေးနိုင်သလဲ Freelance လုပ်တာရော အမှန်တစ်ကယ်အလုပ်ဖြစ်ရဲ့လား Freelance လုပ်တဲ့သူတွေက ဘာကြောင့် Freelance လုပ်တာလဲ၊ လွပ်လပ်လို့လား၊ ဝန်ထမ်းလုပ်သူတွေထက် အကျိုးအမြတ်ပိုရနေလို့လား အလုပ်တွေက အတွေ့အကြုံရှိမှပဲခန့်မယ်ဆိုတာ ဘာဖြစ်လို့ပါလဲ စတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ လူအများဆွေးနွေးတဲ့