အခုရက်ပိုင်းမှာ မြန်မာ Website တွေကို Bangladesh Hacker တွေ အဆက်မပြတ် တိုက်ခိုက်နေတာကို အားလုံးသိကြပြီးဖြစ်မှာပါ။ မြန်မာတွေဘက်ကလည်း Bangladesh Website တွေကို တိုက်ခိုက်နေတာတွေ ရှိပါတယ်။ ဒီပြဿနာ နဲ့ ပက်သက်ပြီး Comment တစ်ချို့ပေးခဲ့ဖူးပေမယ့် အခုတော့ ဒီအကြောင်း အကျယ်ချဲ့မပြောချင်တော့ပါဘူး။ မြန်မာ Website တွေကိုသာ လုံခြုံရေးအသိရှိကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုချိန်ဟာ လုံခြုံရေးအကြောင်း ရှင်းပြနေယုံနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ့် Website တွေကို အခုချက်ခြင်း ကာကွယ်မှုတွေ ပြုလုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်လို့ရနိုင်မယ့် နည်းလမ်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ လက်ရှိ တိုက်ခိုက်ခံရတဲ့ Website အများစုဟာ PHP နဲ့ CMS အခြေပြု Website တွေဖြစ်ပါတယ်။ ဒါကြောင့် ZB