Maintainable Templates with PHP and jQuery
PHP ရဲ့ သဘာဝအရ Code တွေကို HTML Document ထဲမှာ ရောရေးရပါတယ်။ တစ်ချို့ ဝေဖန်သူတွေက ဒီအချက်ကြောင့် PHP Code တွေဟာ Maintain လုပ်ဖို့ မလွယ်ပါဘူးလို့ ပြောကြလေ့ ရှိပါတယ်။ အမှန်တော့ ရေးတဲ့သူအပေါ် မူတည်တာပါ။ ရေးတဲ့ Developer က HTML နဲ့ PHP ကို သီးခြား ခွဲပြီးတော့လည်း ရေးနိုင်ပါတယ်။ အဲ့ဒီလို ခွဲရေးတဲ့အခါ Dynamic Page Template တွေတည်ဆောက်ဖို့အတွက် Template Framework တွေ တည်ဆောက်ထားနိုင်သလို Smarty လို့ Template Engine တွေလည်း အသုံးပြုနိုင်ပါတယ်။ နောက်ထပ် PHP နဲ့ ပက်သက်ပြီး အငြင်းပွားကြလေ့ရှိတာတစ်ခု ရှိပါတယ်။