FairWay

web development
To Smarter, Greener World

Building A Note Taking App with TinyMVC

လွန်ခဲ့တဲ့ရက်အချို့က TinyMVC လို့ခေါ်တဲ့ PHP micro Framework တစ်ခုကို မိတ်ဆက် ပေးခဲ့ပါတယ်။ အခု.. အဲ့ဒီ Framework ကိုသုံးပြီး တည်ဆောက်ထားတဲ့ Note Taking App လေးတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ရှေ့ဆက်မပြောခင်မှာ Source Code ကို ကြိုတင်ရယူလိုတယ်ဆိုရင် Download ရယူနိုင်ပါတယ်။ လက်တွေ့အရင် စမ်းကြည့်ချင်တယ်ဆိုရင်လည်း Demo တင်ထားပေးပါတယ်။ ဒီ Note Taking Application ကို တည်ဆောက်ဖို့အတွက် MVC structure နဲ့ လိုအပ်တဲ့ Routing လုပ်ဆောင်ချက်ကိုတော့ TinyMVC framework မှာ အသင့်ပါပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး multi-user အသုံးပြုနိုင်တဲ့ စနစ်တစ်ခုဖြစ်ဖို့အတွက် User Account Creation နဲ့

PHP Simple Router

PHP ဟာ General Purpose Scripting Language တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Language ကို စတင်ဖန်တီးရခြင်းရည်ရွယ်ချက်က Web Application တွေ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် PHP နဲ့ CLI Program တွေ Desktop Application တွေလည်း ဖန်တီးလို့ရနိုင်ပေမယ့် Web Site  တွေရေးတဲ့ Language အနေနဲ့ပဲ လူသိများတာ ဖြစ်ပါတယ်။ ကျွန်တော် ဒီစာကိုရေးနေတဲ့အချိန်မှာ နောက်ဆုံး version အဖြစ် အသုံးပြုနေကြတာက PHP 5.3 ဖြစ်ပါတယ်။ Version အသစ်ဖြစ်တဲ့ 5.4 ဟာ RC တွေထွက်ရှိနေပြီဖြစ်လို့ မကြာခင်မှာ Stable အနေနဲ့ ထွက်ရှိလာတော့မှာပါ။ PHP 5.4

Making Todo-List Persistent with Ajax

jQuery နဲ့ Todo List Application တစ်ခုတည်ဆောက်ပုံကို Creating an Elegant Todo-List Application ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ။ အဲ့ဒီ Application ဟာ User Interface အနေနဲ့ အားလုံးပြည့်စုံနေပါပြီ။ ထည့်သွင်းထားတဲ့ Data တွေကို Database တစ်ခုအသုံးပြုပြီး အမြဲသိမ်းထားနိုင်ဖို့ပဲ လိုအပ်နေတာပါ။ Ajax နည်းပညာအကြောင်း ပြောရင်းနဲ့ ကျန်ရှိနေတဲ့အပိုင်းကို ဆက်လက်ဖော်ပြ ပေးသွားပါမယ်။ အခုမှစဖတ်မယ့်သူတွေကိုတော့ ရှေ့မှာရေးထားခဲ့တဲ့ Article နှစ်ခုကို အရင်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ Shortcut to jQuery Creating an Elegant Todo-List Application လေ့လာဆဲ Web Developer တွေအနေနဲ့ Javascript, jQuery နဲ့ Ajax

jQuery – Creating an Eleg ant Todo-List Application

Shortcut to jQuery မှာ jQuery စတင်လေ့လာတဲ့အခါ အခက်အခဲတစ်ခုဖြစ်နေနိုင်ဖွယ်ရှိတဲ့ Javascript ရဲ့ Function သဘောသဘာ၀နဲ့ JSON အကြောင်းတို့ကို ပြောပြခဲ့ပါတယ်။ ပြီးတော့ jQuery နဲ့ DOM Manipulation Function အချို့ကိုလည်း တစ်ပါတည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် jQuery အကြောင်းပြောပြီး Ajax အကြောင်းမပြောဖြစ်ခဲ့တော့ သိပ်မပြည့်စုံဘူးဖြစ်နေပါတယ်။ ဒါကြောင့် jQuery နဲ့ Ajax အကြောင်း နောက်ထပ်တစ်ပုဒ်လောက် ရေးဦးမယ်လို့ စိတ်ကူးဖြစ်ပါတယ်။ နမူနာ Application တစ်ခုလက်တွေ့ဖန်တီးပြီး ပြောမယ်လို့ စိတ်ကူးပါတယ်။ လိုရင်းက jQuery နဲ့ Ajax ကို လေ့လာဆဲ Web Developer တွေ ပိုမိုနားလည်စေချင်လို့ ဖြစ်တဲ့အတွက် သိပ်ရှုပ်ထွေးမယ့် Application

Shortcut to jQuery

Web Developer အများစုဟာ PHP, C#, Java စတဲ့ Programming Language တွေကို အချိန်ပေးပြီး စနစ်တကျလေ့လာကြလေ့ ရှိပေမယ့် Javascript ကိုတော့ သီးခြားအချိန်ပေးပြီး လေ့လာလေ့ မရှိကြပါဘူး။ ကနေ့ခေတ် Web မှာကလည်း အသင့်ယူသုံးလို့ရတဲ့ Javascript Code Snippet တွေ (ဥပမာ – Menu, Light Box)၊ ပြည့်စုံကောင်းမွန်ပြီး အသင့်သုံးနိုင်တဲ့ jQuery Plugins တွေ (ဥပမာ – Slider, Cycle Effect) တွေက အလွန်ပေါများပါတယ်။ ဒါကြောင့် Javascript ဆိုရင် သီးခြားမလေ့လာတော့ပဲ အသင့်သုံးလို့ရတာတွေကိုပဲ ခပ်လွယ်လွယ် ယူသုံးလိုက်ကြလေ့ ရှိပါတယ်။ ကနေ့ခေတ်မှာတော့ jQuery က လူသုံးအများဆုံး

Ubuntu 11.10 – Enable Burmese Keyboard

Ubuntu Linux မှာ မြန်မာစာရိုက်ဖို့အတွက် (Input Method) ကီးဘုတ် တစ်ပါတည်းပါဝင်ပါတယ်။ ဒါပေမယ့် အရင် Version တွေမှာပါတဲ့လက်ကွက်က အများအသုံးပြုနေတဲ့ Win လက်ကွက်၊ Myanmar3 လက်ကွက်တို့နဲ့ မတူပဲ ပုံမှာဖော်ပြထားသလို လက်ကွက်ပုံစံဖြစ်နေတဲ့အတွက် လက်တွေ့အသုံးပြုလို့ မရခဲ့ပါဘူး။ လက်ရှိနောက်ဆုံး Version ဖြစ်တဲ့ Ubuntu 11.10 မှာတော့ Myanmar3 လက်ကွက်အတိုင်း ရိုက်လို့ရနိုင်မယ့် ကီးဘုတ် ပါဝင်လာပါတယ်။ အခုဖော်ပြသွားမှာကတော့ အဲ့ဒီကီးဘုတ်ကို ဘယ်လို Enable လုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဆင့် (၁) ပထမဦးစွာ Win Key ကိုနှိပ်ပြီး Dash ကို ဖွင့်လိုက်ပါ။ Search Box မှာ Keyboard လို့ ရိုက်ပါ။

Dive Into Vim

Text Editor ကောင်းတစ်ခုဟာ Productive ဖြစ်စေယုံသာမက၊ စိတ်ကြည်နူးဖွယ်ကောင်းတဲ့ Programming အရသာကိုလည်း ပေးနိုင်တယ်။ တီဗွီကြော်ငြာဆန်တဲ့ စကားလုံးတွေသုံးထားပေမယ့် ဒါအမှန်ပဲဆိုတာ အတွေ့အကြုံရှိတဲ့ Programmer တိုင်း သိပါတယ်။ :D ကျွန်တော်အနေနဲ့လည်း Text Editor တော်တော်များများကို စမ်းသုံးဖူးပါတယ်။ Vim အကြောင်းမသွားခင် Text Editor အများကြီး စမ်းဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ဇာတ်စုံခင်းချင်ပါသေးတယ်။ ဇာတ်လမ်းက DHH ရဲ့ Build a Blog in 15 Minutes ဆိုတဲ့ Ruby on Rails Tutorial Screencast ကို ကြည့်ဖြစ်တာက စပါတယ်။ ကြာပါပြီ၊ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပါ။ အဲ့ဒီ Rails Demonstration

Creating a speech bubble with CSS3

Tutorial တွေမရေးတာ ကြာပါပြီ။ CSS3 Tutorial တစ်ခုကို ဖော်ပြပေးပါမယ်။ fairwayweb.net မှာ Plan တစ်ခုချင်းစီရဲ့ Feature တွေကိုဖော်ပြဖို့ အသုံးပြုထားတဲ့ Speech Bubble လေး တည်ဆောက်ထားပုံကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ HTML5 နည်းပညာတွေထဲက ဘယ်နည်းပညာကို စိတ်အဝင်စားဆုံးလဲဆိုတဲ့ မေးခွန်းတစ်ခု ဖြေခဲ့ရဖူးပါတယ်။ အများစုကတော့ Web Worker တို့၊ Local Storage တို့လို Application Level နည်းပညာတွေကို အဓိကစိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ CSS3 နဲ့ HTML5 Form နှစ်ခုကိုသာ အဓိက စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ တစ်ချို့ကလည်း CSS3 က HTML5 နဲ့မှမဆိုင်တာ၊ သီးခြားနည်းပညာပဲလို့ ပြောနိုင်ပါတယ်။ သီးခြားနည်းပညာဖြစ်ပေမယ့် လက်တွေ့မှ CSS3