မနေ့က Web SIG Facebook Group ထဲမှာ မေးခွန်းလေးတစ်ခုကို တွေ့လိုက်မိပါတယ်။ “Unicode String တစ်ခုမှာပါတဲ့ စာလုံးအရေအတွက်ကို PHP နဲ့ ဘယ်လို ရှာရလဲ” ဆိုတဲ့ မေးခွန်းလေးပါ။ PHP နဲ့ String တစ်ခုမှာပါတဲ့ Character အရေအတွက်ကို ရှာချင်တဲ့အခါ strlen() Function သုံးပြီး ရှာရပါတယ်။ ဒါပေမယ့် အဲ့ဒီ Function က ASCII string တွေအတွက်ပဲ အဆင်ပြေပါတယ်။ မြန်မာယူနီကုဒ်လို Multi-Byte Character တွေအတွက်ဆိုရင် အဆင်မပြေပါဘူး။ strlen(“Hello, World!”) လို့ရှာရင် အဖြေက ပါဝင်တဲ့စာလုံးအရေအတွက်အတိုင်း 13 လို့ရမှာပါ။ ဒါပေမယ့် strlen(“မြန်မာ”) ဆိုရင် အဖြေက 18 လို့